▲쿠데타 세력에 저항하기 위해 미얀마 시민방위군(PDF)에 합류한 피닉스(Phoenix). 그는 아홉 살에 신 카리타(Shin Caritta)란 이름으로 출가해 14년 간 수행한 '사미'였다.
Kaung Zaw Hein / MPA
ရဲဘော်ဖီးနစ်တဖြစ်လဲရှင်စာရိတ္တသည်ကိုရင်ဘဝတွင်သာမဏေကျော်ပထမအဆင့်အောင်မြင်ပြီးဒုတိယအဆင့်ရောက်ရှိနေသည့်ကိုရင်တစ်ပါးဖြစ်ပါသည်။
ခုနှစ်အကြမ်းဖက်စစ်ကောင်စီအာဏာစသိမ်းသည့်အချိန်တွင်ရှင်စာရိတ္တသည်လည်းအများပြည်သူနည်းတူကိုရင်ဘဝဖြင့်အကြမ်းဖက်စစ်ကောင်စီအားဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီ၏လူမဆန်စွာသတ်ဖြတ်မှုများကိုလက်နက်ကိုင်သည့်နည်းဖြင့်သာတော်လှန်နိုင်မည်ဟူသောခံယူချက်ဖြင့်လူထုလူတန်းစားပေါင်းစုံသည်လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်လာခဲ့ကြသည်။ထိုအထဲတွင်ရဲဘော်ဖီးနစ်တဖြစ်လဲရှင်စာရိတ္တလည်းနောက်ကျမကျန်ခဲ့ပါ။
လက်နက်ကိုင်တော်လှန်ရေးထဲထဲဝင်ဝင်လုပ်ကိုင်လိုသည့်အတွက်ကြောင့်အသက် (၉) နှစ်အရွယ်မှစတင်ဝင်ရောက်ခဲ့သောကိုရင်ဘဝကိုစွန့်လွှတ်ခဲ့ပါသည်။
သာမန်လူထက်ကိုရင်ဘဝကနေလာခဲ့ရတာကြောင့်လက်နက်ကိုင်တော်လှန်ရေးကအလွန်ခက်ခဲကြောင်းရဲဘော်ဖီးနစ်ကပြောပါသည်။
သို့သော်လည်းတော်လှန်ရေးကအလုံးစုံအောင်မြင်မည်လို့ယုံကြည်တယ်လို့ရဲဘော်ဖီးနစ်ကပြောပါသည်။
ရဲဘော်ဖီးနစ်လိုနယ်ပယ်မျိုးစုံကနေပြည်သူ့ကာကွယ်ရေးတပ်ထံသို့၀င်ရောက်လာတဲ့လူငယ်တွေအမြောက်အများရှိသည်။