▲동남아시아국가연합(ASEAN)이 10월 15일 미얀마 군부 쿠데타 수장인 민 아웅 흘라잉(Min Aung Hlaing)의 정상회의 참여를 불허하자, 미얀마 군부가 10월 18일 민주화 시위에 참여했던 시민들을 석방했다. 하지만 이들 중 상당수가 석방되자마자 다시 체포되는 일이 벌어졌다.
MPA
နေပြည်တော်နှင့်မန္တလေးဆန္ဒပြသပိတ်စစ်ကြောင်းများတွင်ဦးဆောင်ခဲ့သူဂေါ်ရခါးလူမျိုးကိုလင်းပိုင်စိုးသေဆုံးသွားပြီဖြစ်ကြောင်းသေဆုံးခဲ့ပြီး၁၈ရက်အကြာအောက်တိုဘာလ၁၈ရက်နေ့တွင်မိသားစုကသိရှိခဲ့ရကြောင်းသိရသည်။
ကိုလင်းပိုင်းစိုးသည်ဖမ်းဆီးခံရစဉ်ကတည်းကနှိပ်စက်ဒဏ်ရာများရရှိခဲ့ပြီးစစ်ကြောရေးသို့ရောက်သည့်နေ့အောက်တိုဘာလ၁ရက်နေ့တွင်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကိုလင်းပိုင်စိုးနှင့်နီးစပ်သူများကဆိုသည်။
"ဆုံးတာကကြာပြီဗျာ။သတင်းကအခုမှထွက်လာတာ။အောက်တိုဘာလ၁ရက်နေ့တည်းကကျတာဗျ။ကျနော်တို့ကကြားထဲမှာသူ့အတွက်သတင်းတွေကိုစိတ်ပူပြီးတော့မှထုတ်နေတာဗျ။တကယ့်တကယ်ကဖမ်းခံရပြီးနောက်ရက်မှာဆုံးသွားခဲ့တာဗျ။နန်းတွင်းတပ်မှာထဲကလူမျိုးခြားဆိုပြီးတော့ဝိုင်းရိုက်ကြတာအသက်ကမြော့မြော့ပဲကျန်တယ်။စစ်ကြောရေးရောက်တော့ဆုံးတာ။အခုမှမကြည်ပြာ(အမည်လွှဲ)ဖုန်းလှမ်းဆက်တော့မှသိရတာပေါ့"ဟုနေပြည်တော်ကျောင်းသားသမဂ္ဂမှကိုနေသမိုင်းကပြောသည်။
စက်တင်ဘာလ၃၀ရက်နေ့တွင်ကိုလင်းပိုင်စိုးသည်မန္တလေးရှိနေအိမ်တစ်ခုတွင်၎င်း၏ရဲဘော်များဖြစ်သည့်ကိုငြိမ်းမင်းသန့်နေအိမ်သို့လာရောက်လည်ပတ်သူမကြည်ကြည်ဝင်းတို့နှင့်အတူစစ်တပ်၏ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
ကိုလင်းပိုင်စိုးသည်ကျောက်ဆည်နည်းပညာတက္ကသိုလ်ဒြပ်သတ္တုပိုင်းဆိုင်ရာနောက်ဆုံးနှစ်အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီးဗုဒ္ဓဘာသာဝင်ဂေါ်ရခါးလူမျိုးတစ်ယောက်ဖြစ်သည်။
Air-KBZ လေယာဉ်၏Pitot-Tubeအတွင်းသစ်ရွက်များတွေ့ရှိခဲ့သည့်အမှုအတွက်စစ်ဆေးခြင်းခံနေရသည့်Air-KBZမှလေကြောင်းအင်ဂျင်နီယာတစ်ဦးဖြစ်သူကိုမင်းမင်းစိုးသည်အောက်တိုဘာလ၁၇ရက်နေ့ညပိုင်းတွင်အင်းစိန်ထောင်အတွင်း၌သေဆုံးသွားခဲ့ကြောင်းသိရသည်။
ကိုမင်းမင်းစိုးသည်ဩဂုတ်လ၁၂ရက်တွင်Air-KBZလေကြောင်းလိုင်းမှလေယာဉ်တစ်ခု၏Pilot-Tubeအတွင်းသစ်ရွက်များတွေ့ရှိသောစွပ်စွဲချက်နှင့်ပတ်သက်ပြီးအင်းစိန်ထောင်အတွင်းစစ်ဆေးခံနေရစဉ်သေဆုံးခဲ့ခြင်းဖြစ်ကာအောက်တိုဘာလ၁၈ရက်နေ့တွင်မိသားစုထံအကြောင်းကြားခဲ့သည်ဟု၎င်း၏မိသားစုများထံမှသ်ိရသည်။
ကိုမင်းမင်းစိုးသည်Nom-CDMဝန်ထမ်းတစ်ဦးဖြစ်ပြီး၎င်းအပါအဝင်အခြားဝန်ထမ်းများသည်အကြမ်းဖက်စစ်တပ်၏စွပ်စွဲချက်ဖြင့်စက်တင်ဘာလ၁၁ရက်နေ့တွင်ရုံးမှအစည်းအဝေးခေါ်ယူရာသို့သွားရောက်ရာတွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင််ငံတွင်အကြမ်းဖက်စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်နေသူများကိုဖမ်းဆီးပြီးစစ်ကြောရေးစခန်းများတွင်နှိပ်စက်စစ်မေးလျက်ရှိသည်။ထိုသို့စစ်မေးရာတွင်ဘာသာခြားများ(ဗုဒ္ဓဘာသာမဟုတ်သူများ)၊လိင်စိတ်ကွဲပြားသူများ၊ကျောင်းသားသမဂ္ဂနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားထောက်ခံသူများဆိုလျှင်ပိုမို၍ပြင်းထန်စွာနှိပ်စက်လေ့ရှိသည်။
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ၁ရက်နေ့စစ်အုပ်စုမှနိုင်ငံတော်အာဏာကိုမတရားသိမ်းယူပြီးချိန်မှစတင်၍နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးခြွင်းချက်မရှိလွတ်မြောက်ရေးနှင့်မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊မတရားဖမ်းဆီးခြင်းများနှင့်လူမဆန်စွာသတ်ဖြတ်ခြင်းများကိုကျူးလွန်ခဲ့သူများအားအပြစ်ပေးအရေးယူမှုပြုလုပ်နိုင်ရန်အတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လဲစစ်အုပ်စုကိုဆက်လက်၍ထိရောက်သည့်အရေးယူဆောင်ရွက်မှုများကိုပြုလုပ်ပေးရန်လေးနက်စွာတိုက်တွန်းလိုက်ပါသည်။
저작권자(c) 오마이뉴스(시민기자), 무단 전재 및 재배포 금지
오탈자 신고